Monday, August 18, 2008

င့ါရဲ့နတ်သမီး.......


  • ပြင်းရှချိုမြိန်တဲ့ ၀ိုင်တစ်ခွက်နဲ့

င့ါဘ၀ကို ယစ်မူးစေခဲ့....

အပြာရောင်ပန်းတွေကို လန်းပွင့်စေခဲ့သူ

အနူးအညွတ်ကို ကျေးဇူးတင်ပါတရ်...။ ။

  • ကူကယ်ရာမဲ့နေတဲ့ လမ်းတစ်ချို့မှာ

ဦးဆောင်တွဲခေါ်ပေးတဲ့ လက်တစ်စုံ

နူးညံ့တဲ့နှစ်သိမ့်မှုတွေအောက်မှာ

င့ါရင်ခွင်ဟာ ငြိမ်ဆိတ်ခဲ့ပြီ....

နားလည်ခြင်းအပြည့်နဲ့

အားသစ်တွေကို မွေးဖွားစေခဲ့သူ

မက်မက်စက်စက်ကို ချစ်ခဲ့မိပါတရ်....။ ။

  • ချစ်သူ..... အတ္တတစ်ခုတော့မဟုတ်ပါဘူး...

ငါ့ရဲ့ပိုင်ဆိုင်လိုမှုမှာ အဖြူဖြူရောင်သက်သက်ပါ...

အနာဂါတ်အတွက်

မှတ်တိုင်သစ်တွေကို အတူတူစိုက်ထူဖို့

ကမ်းလှမ်းခဲ့တာပါ....။ ။

  • အမှောင်နေ့ရက်တွေအတွက်

နောင်တကရင်ဝကို ဆောင့်တက်လာတရ်...

င့ါရဲ့နတ်သမီးဟာ သူ့ရဲ့အပြုံးတစ်ချက်နဲ့တင်

နေ၀င်တာတွေကိုတောင်

နောက်ကျစေခဲ့ရဲ့....။ ။

  • ချစ်သူ..........

တမ်းမက်စွာနဲ့ခေါ်မိပါတရ်.....

ကြယ်ကြွေတိုင်း ဆုတောင်းတက်အောင်လည်း

သင်ပေးခဲ့သေးတရ်....

ဘာအတွက်ကြောင့် ဒူးထောက်ရမလဲ..

သွေးချင်းချင်းနီနေပေမဲ့

နောက်ဆုံးထွက်သက်အထိ

ရူးမိုက်စွာချစ်နေသင့်သေးတရ်လေ...။ ။

  • လွမ်းလွန်းလို့လည်း သေလောက်တရ်ဆိုတာ

ယုံချင်သလိုလိုဖြစ်နေမိပြီ...

သူဆိုညည်းခဲ့တဲ့ အိပ်မက်တွေမှာ

ငါဟာ လသာတက်ခဲ့ပြီလေ...

သက်တန့်ပေါ်မှာ လမ်းလျှောက်လို့ပေါ့....။ ။

  • ဆုပ်ကိုင်ထားတဲ့မာနက

င့ါရဲ့နတ်သမီးအတွက်ပါပဲ

ဘကုန်းနဲ့စပြီး ၀လုံးနဲ့ဆုံးတဲ့ “ဘ၀”ဆိုတာ

ဘာမို့လို့လဲ.....။ ။

  • ရိုမီယိုနဲ့ ဂျူးလိယက်ကိုလည်း

နားလည်တက်ခဲ့ပါပြီ...

င့ါရဲ့သင်္ဘောကျမှ မှောက်ခဲ့ရင်

မေခလာကို အပြစ်တင်ရတော့မယ်နော်...။ ။

  • နားလည်မှုတွေအပြည့်နဲ့

ရွှေရောင်အိပ်မက်တွေကိုမက်ကြမယ်လေ

နတ်သမီးရေ..............

ငါ့ဘ၀အတွက်

မရှိလို့မဖြစ်တော့တဲ့ ဆုလဒ်တစ်ပါးအနေနဲ့

ရင်ခွင်ထဲကို ၀င်လာခဲ့ပါလို့...........။ ။


No comments: