Monday, August 18, 2008

ချစ်ခဲ့မိခြင်း....





အလွမ်းတွေဆိုတာ သူနဲ့တွေ့မှ အသက်ဝင်လာခဲ့တယ်...
အချစ်ကြောင့်ဖြစ်တည်လာခဲ့တဲ့
နောက်ဆက်တွဲရလဒ်ပေါ့....
တော်တော်တော့ ခံရခက်လေရဲ့.....။ ။
ဘ၀တစ်ခုလုံးကို ဒူးထောက်ထားပြီးပြီပါပြီ....
ချစ်နေတဲ့အချစ်တစ်ခုကလွဲရင်
ကျန်တာကိုတောင်းဆိုလို့ရပါတယ်...
သူနဲ့ဆို အရာအားလုံးကို လဲပစ်ရဲတာပေါ့.. ။ ။
ယုံကြည်ချက်တစ်ခုနဲ့ပဲ
တည်ဆောက်ချင်ခဲ့တဲ့ဘ၀မှာ
စိတ်ဓါတ်ကတော့ အခရကျတယ်ကွယ်....
ခံနိုင်ရည်မွေးဖို့တော့
သင်ပေးပါ့မယ်...။ ။
င့ါရဲ့နတ်သမီးရေ....
မင်းမရှိလို့မဖြစ်တော့တဲ့ဘ၀ပါ...
အတူနေဖို့နေ့ရက်တွေကိုလက်ချိုးရင်း
ဘ၀ကို စိန်ခေါ်ဖို့
တို့ရဲ့လက်တွေကို ခိုင်ခိုင်တွဲထားကြစို့ရဲ့.........။ ။

No comments: