Thursday, August 28, 2008

အချစ်တဲ့..................။ ။

အချစ်တဲ့
စာနာမှုတွေနဲ့အချစ်
နားလည်မှုတွေနဲ့အချစ်
ရယူခြင်းနဲ့အချစ်
ပေးဆပ်ခြင်းနဲ့အချစ်
............အချစ်
.............အချစ်
ငါ့အတွက်တော့ အချစ်ဆိုတာ
အချစ်ပါပဲ ။
ငါ့ရင်နဲ့ ဖော်ကျူးခဲ့တဲ့အချစ်
အပြစ်ဆိုတာလည်းမရှိ
တက်မက်ခြင်းလည်းမရှိ
ဂုဏ်ဒြပ်တွေလည်းမရှိပေမယ့်
နွေးထွေးတဲ့မေတ္တာတရားတွေတော့
ပြည့်သိပ်လို့ပေါ့ ။
မျှော်လင့်ချက်တွေမထားတတ်ပေမယ့်
နှလုံးသားရဲ့ လိုအပ်ချက်
မင်းကို ချစ်နေရုံသက်သက်ပါပဲ ။
ငါ့ရဲ့အချစ်က
နေခြည်လိုလင်းလက်တယ်
ကမ္ဘာမြေကြီးလို ခိုင်မြဲတယ်
လရောင်လိုချိုမြိန်တယ်
လေပြေညင်းတွေလိုအေးမြတယ် ။
ငါ့ရင်မြေမှာပွင့်ဖူး
ငါ့ချစ်ခြင်းတွေကိုသောက်သုံးလို့
မေတ္တာလေပြေသွေးကြားမှာ
ငြိမ်းချမ်းစွာနဲ့ လန်းဆန်းနေလိုက်ပါ ။
ငါ့ရဲ့ နေ့သစ်တွေတိုင်းဟာ
မင်းအတွက်ပေါ့ချစ်သူ ။

No comments: