Thursday, August 28, 2008

မငိုပါနဲ့ချစ်သူ............။ ။


*မငိုပါနဲ့ချစ်သူ
သောကအပူတွေဖယ်ရှား
တို့တွေသွားရမယ့် ဘ၀လမ်း
ငြိမ်းချမ်းခြင်းအတိနဲ့ပျော်စရာတွေရှိလာမှာပါ ။
*အားမငယ်ပါနဲ့ချစ်သူ
ထွေးကူမယ့်ကိုယ့်ရင်ခွင်ခိုဝင်ကာနား
ဘ၀အတွက်အားအင်တွေလဲပြည့်စေ
နေ့တွေတိုင်းမှာတမ်းတ
အလွမ်းညတွေလဲကုန်ဆုံး
အမုန်းမရှိတဲ့ကိုယ့်ဧဒင်
မင်းအတွက်ရှင်သန်နေမှာပါ ။
*ယုံကြည်လိုက်ပါချစ်သူ
အပြစ်ဆိုတာမရှိဖြူစင်ခြင်းအတိနဲ့ တို့ချစ်ခြင်း
နှောင်တင်းခဲ့မေတ္တာဖြစ်တည်ခဲ့သစ္စာတရား
အတားအဆီးတွေ ဘယ်လိုပင်ကာဆီးထားလဲ
ဖေးကူကာလက်ချင်းယှက်တို့တွေကျော်ဖြတ်ကြမယ်
လှပတဲ့အချစ်ကမ္ဘာဆီကိုရောက်ဖို့ ။

No comments: