Thursday, August 28, 2008

မွန်သိပါစေ............။ ။



*မမျှော်လင့်ခဲ့ပါဘူး
နူးညံ့တဲ့သံယောဇဉ်
ကြင်နာတဲ့ဂရုစိုက်မှု
မင်းပြုသမျှအပြစ်မမြင်
ကိုယ့်ရင်ထဲကမေတ္တာမင်းအတွက်ဖြစ်ခဲ့တာပါ ။
*မင်းကျတဲ့မျက်ရည်တစ်စက
်ကိုယ့်ကမ္ဘာပျက်မတတ်ပါပဲ ။
*မင်းရင်ထဲက အပူ
ဝေမျှကာယူချင်မိ
သောကဆိုတာလဲ မရှိစေချင်ပါဘူး ။
*အတ္တမကင်းတဲ့လောကထဲ
မင်းရဲ့ဆန္ဒတွေပြည့်စေ
တောင်းဆုချွေစေတနာ စကား
မင်းတစ်ယောက်ကြားနိုင်ပါစေသား ။

မငိုပါနဲ့ချစ်သူ............။ ။


*မငိုပါနဲ့ချစ်သူ
သောကအပူတွေဖယ်ရှား
တို့တွေသွားရမယ့် ဘ၀လမ်း
ငြိမ်းချမ်းခြင်းအတိနဲ့ပျော်စရာတွေရှိလာမှာပါ ။
*အားမငယ်ပါနဲ့ချစ်သူ
ထွေးကူမယ့်ကိုယ့်ရင်ခွင်ခိုဝင်ကာနား
ဘ၀အတွက်အားအင်တွေလဲပြည့်စေ
နေ့တွေတိုင်းမှာတမ်းတ
အလွမ်းညတွေလဲကုန်ဆုံး
အမုန်းမရှိတဲ့ကိုယ့်ဧဒင်
မင်းအတွက်ရှင်သန်နေမှာပါ ။
*ယုံကြည်လိုက်ပါချစ်သူ
အပြစ်ဆိုတာမရှိဖြူစင်ခြင်းအတိနဲ့ တို့ချစ်ခြင်း
နှောင်တင်းခဲ့မေတ္တာဖြစ်တည်ခဲ့သစ္စာတရား
အတားအဆီးတွေ ဘယ်လိုပင်ကာဆီးထားလဲ
ဖေးကူကာလက်ချင်းယှက်တို့တွေကျော်ဖြတ်ကြမယ်
လှပတဲ့အချစ်ကမ္ဘာဆီကိုရောက်ဖို့ ။

အချစ်တဲ့..................။ ။

အချစ်တဲ့
စာနာမှုတွေနဲ့အချစ်
နားလည်မှုတွေနဲ့အချစ်
ရယူခြင်းနဲ့အချစ်
ပေးဆပ်ခြင်းနဲ့အချစ်
............အချစ်
.............အချစ်
ငါ့အတွက်တော့ အချစ်ဆိုတာ
အချစ်ပါပဲ ။
ငါ့ရင်နဲ့ ဖော်ကျူးခဲ့တဲ့အချစ်
အပြစ်ဆိုတာလည်းမရှိ
တက်မက်ခြင်းလည်းမရှိ
ဂုဏ်ဒြပ်တွေလည်းမရှိပေမယ့်
နွေးထွေးတဲ့မေတ္တာတရားတွေတော့
ပြည့်သိပ်လို့ပေါ့ ။
မျှော်လင့်ချက်တွေမထားတတ်ပေမယ့်
နှလုံးသားရဲ့ လိုအပ်ချက်
မင်းကို ချစ်နေရုံသက်သက်ပါပဲ ။
ငါ့ရဲ့အချစ်က
နေခြည်လိုလင်းလက်တယ်
ကမ္ဘာမြေကြီးလို ခိုင်မြဲတယ်
လရောင်လိုချိုမြိန်တယ်
လေပြေညင်းတွေလိုအေးမြတယ် ။
ငါ့ရင်မြေမှာပွင့်ဖူး
ငါ့ချစ်ခြင်းတွေကိုသောက်သုံးလို့
မေတ္တာလေပြေသွေးကြားမှာ
ငြိမ်းချမ်းစွာနဲ့ လန်းဆန်းနေလိုက်ပါ ။
ငါ့ရဲ့ နေ့သစ်တွေတိုင်းဟာ
မင်းအတွက်ပေါ့ချစ်သူ ။

Monday, August 18, 2008

င့ါရဲ့နတ်သမီး.......


  • ပြင်းရှချိုမြိန်တဲ့ ၀ိုင်တစ်ခွက်နဲ့

င့ါဘ၀ကို ယစ်မူးစေခဲ့....

အပြာရောင်ပန်းတွေကို လန်းပွင့်စေခဲ့သူ

အနူးအညွတ်ကို ကျေးဇူးတင်ပါတရ်...။ ။

  • ကူကယ်ရာမဲ့နေတဲ့ လမ်းတစ်ချို့မှာ

ဦးဆောင်တွဲခေါ်ပေးတဲ့ လက်တစ်စုံ

နူးညံ့တဲ့နှစ်သိမ့်မှုတွေအောက်မှာ

င့ါရင်ခွင်ဟာ ငြိမ်ဆိတ်ခဲ့ပြီ....

နားလည်ခြင်းအပြည့်နဲ့

အားသစ်တွေကို မွေးဖွားစေခဲ့သူ

မက်မက်စက်စက်ကို ချစ်ခဲ့မိပါတရ်....။ ။

  • ချစ်သူ..... အတ္တတစ်ခုတော့မဟုတ်ပါဘူး...

ငါ့ရဲ့ပိုင်ဆိုင်လိုမှုမှာ အဖြူဖြူရောင်သက်သက်ပါ...

အနာဂါတ်အတွက်

မှတ်တိုင်သစ်တွေကို အတူတူစိုက်ထူဖို့

ကမ်းလှမ်းခဲ့တာပါ....။ ။

  • အမှောင်နေ့ရက်တွေအတွက်

နောင်တကရင်ဝကို ဆောင့်တက်လာတရ်...

င့ါရဲ့နတ်သမီးဟာ သူ့ရဲ့အပြုံးတစ်ချက်နဲ့တင်

နေ၀င်တာတွေကိုတောင်

နောက်ကျစေခဲ့ရဲ့....။ ။

  • ချစ်သူ..........

တမ်းမက်စွာနဲ့ခေါ်မိပါတရ်.....

ကြယ်ကြွေတိုင်း ဆုတောင်းတက်အောင်လည်း

သင်ပေးခဲ့သေးတရ်....

ဘာအတွက်ကြောင့် ဒူးထောက်ရမလဲ..

သွေးချင်းချင်းနီနေပေမဲ့

နောက်ဆုံးထွက်သက်အထိ

ရူးမိုက်စွာချစ်နေသင့်သေးတရ်လေ...။ ။

  • လွမ်းလွန်းလို့လည်း သေလောက်တရ်ဆိုတာ

ယုံချင်သလိုလိုဖြစ်နေမိပြီ...

သူဆိုညည်းခဲ့တဲ့ အိပ်မက်တွေမှာ

ငါဟာ လသာတက်ခဲ့ပြီလေ...

သက်တန့်ပေါ်မှာ လမ်းလျှောက်လို့ပေါ့....။ ။

  • ဆုပ်ကိုင်ထားတဲ့မာနက

င့ါရဲ့နတ်သမီးအတွက်ပါပဲ

ဘကုန်းနဲ့စပြီး ၀လုံးနဲ့ဆုံးတဲ့ “ဘ၀”ဆိုတာ

ဘာမို့လို့လဲ.....။ ။

  • ရိုမီယိုနဲ့ ဂျူးလိယက်ကိုလည်း

နားလည်တက်ခဲ့ပါပြီ...

င့ါရဲ့သင်္ဘောကျမှ မှောက်ခဲ့ရင်

မေခလာကို အပြစ်တင်ရတော့မယ်နော်...။ ။

  • နားလည်မှုတွေအပြည့်နဲ့

ရွှေရောင်အိပ်မက်တွေကိုမက်ကြမယ်လေ

နတ်သမီးရေ..............

ငါ့ဘ၀အတွက်

မရှိလို့မဖြစ်တော့တဲ့ ဆုလဒ်တစ်ပါးအနေနဲ့

ရင်ခွင်ထဲကို ၀င်လာခဲ့ပါလို့...........။ ။


ချစ်ခဲ့မိခြင်း....





အလွမ်းတွေဆိုတာ သူနဲ့တွေ့မှ အသက်ဝင်လာခဲ့တယ်...
အချစ်ကြောင့်ဖြစ်တည်လာခဲ့တဲ့
နောက်ဆက်တွဲရလဒ်ပေါ့....
တော်တော်တော့ ခံရခက်လေရဲ့.....။ ။
ဘ၀တစ်ခုလုံးကို ဒူးထောက်ထားပြီးပြီပါပြီ....
ချစ်နေတဲ့အချစ်တစ်ခုကလွဲရင်
ကျန်တာကိုတောင်းဆိုလို့ရပါတယ်...
သူနဲ့ဆို အရာအားလုံးကို လဲပစ်ရဲတာပေါ့.. ။ ။
ယုံကြည်ချက်တစ်ခုနဲ့ပဲ
တည်ဆောက်ချင်ခဲ့တဲ့ဘ၀မှာ
စိတ်ဓါတ်ကတော့ အခရကျတယ်ကွယ်....
ခံနိုင်ရည်မွေးဖို့တော့
သင်ပေးပါ့မယ်...။ ။
င့ါရဲ့နတ်သမီးရေ....
မင်းမရှိလို့မဖြစ်တော့တဲ့ဘ၀ပါ...
အတူနေဖို့နေ့ရက်တွေကိုလက်ချိုးရင်း
ဘ၀ကို စိန်ခေါ်ဖို့
တို့ရဲ့လက်တွေကို ခိုင်ခိုင်တွဲထားကြစို့ရဲ့.........။ ။