Thursday, November 13, 2008
Wednesday, October 8, 2008
Thursday, August 28, 2008
မွန်သိပါစေ............။ ။
*မမျှော်လင့်ခဲ့ပါဘူး
မငိုပါနဲ့ချစ်သူ............။ ။
အချစ်တဲ့..................။ ။
စာနာမှုတွေနဲ့အချစ်
နားလည်မှုတွေနဲ့အချစ်
ရယူခြင်းနဲ့အချစ်
ပေးဆပ်ခြင်းနဲ့အချစ်
............အချစ်
.............အချစ်
ငါ့အတွက်တော့ အချစ်ဆိုတာ
အချစ်ပါပဲ ။
ငါ့ရင်နဲ့ ဖော်ကျူးခဲ့တဲ့အချစ်
အပြစ်ဆိုတာလည်းမရှိ
တက်မက်ခြင်းလည်းမရှိ
ဂုဏ်ဒြပ်တွေလည်းမရှိပေမယ့်
နွေးထွေးတဲ့မေတ္တာတရားတွေတော့
ပြည့်သိပ်လို့ပေါ့ ။
မျှော်လင့်ချက်တွေမထားတတ်ပေမယ့်
နှလုံးသားရဲ့ လိုအပ်ချက်
မင်းကို ချစ်နေရုံသက်သက်ပါပဲ ။
ငါ့ရဲ့အချစ်က
နေခြည်လိုလင်းလက်တယ်
ကမ္ဘာမြေကြီးလို ခိုင်မြဲတယ်
လရောင်လိုချိုမြိန်တယ်
လေပြေညင်းတွေလိုအေးမြတယ် ။
ငါ့ရင်မြေမှာပွင့်ဖူး
ငါ့ချစ်ခြင်းတွေကိုသောက်သုံးလို့
မေတ္တာလေပြေသွေးကြားမှာ
ငြိမ်းချမ်းစွာနဲ့ လန်းဆန်းနေလိုက်ပါ ။
ငါ့ရဲ့ နေ့သစ်တွေတိုင်းဟာ
မင်းအတွက်ပေါ့ချစ်သူ ။
Monday, August 18, 2008
င့ါရဲ့နတ်သမီး.......
- ပြင်းရှချိုမြိန်တဲ့ ၀ိုင်တစ်ခွက်နဲ့
င့ါဘ၀ကို ယစ်မူးစေခဲ့....
အပြာရောင်ပန်းတွေကို လန်းပွင့်စေခဲ့သူ
အနူးအညွတ်ကို ကျေးဇူးတင်ပါတရ်...။ ။
- ကူကယ်ရာမဲ့နေတဲ့ လမ်းတစ်ချို့မှာ
ဦးဆောင်တွဲခေါ်ပေးတဲ့ လက်တစ်စုံ
နူးညံ့တဲ့နှစ်သိမ့်မှုတွေအောက်မှာ
င့ါရင်ခွင်ဟာ ငြိမ်ဆိတ်ခဲ့ပြီ....
နားလည်ခြင်းအပြည့်နဲ့
အားသစ်တွေကို မွေးဖွားစေခဲ့သူ
မက်မက်စက်စက်ကို ချစ်ခဲ့မိပါတရ်....။ ။
- ချစ်သူ..... အတ္တတစ်ခုတော့မဟုတ်ပါဘူး...
ငါ့ရဲ့ပိုင်ဆိုင်လိုမှုမှာ အဖြူဖြူရောင်သက်သက်ပါ...
အနာဂါတ်အတွက်
မှတ်တိုင်သစ်တွေကို အတူတူစိုက်ထူဖို့
ကမ်းလှမ်းခဲ့တာပါ....။ ။
- အမှောင်နေ့ရက်တွေအတွက်
နောင်တကရင်ဝကို ဆောင့်တက်လာတရ်...
င့ါရဲ့နတ်သမီးဟာ သူ့ရဲ့အပြုံးတစ်ချက်နဲ့တင်
နေ၀င်တာတွေကိုတောင်
နောက်ကျစေခဲ့ရဲ့....။ ။
- ချစ်သူ..........
တမ်းမက်စွာနဲ့ခေါ်မိပါတရ်.....
ကြယ်ကြွေတိုင်း ဆုတောင်းတက်အောင်လည်း
သင်ပေးခဲ့သေးတရ်....
ဘာအတွက်ကြောင့် ဒူးထောက်ရမလဲ..
သွေးချင်းချင်းနီနေပေမဲ့
နောက်ဆုံးထွက်သက်အထိ
ရူးမိုက်စွာချစ်နေသင့်သေးတရ်လေ...။ ။
- လွမ်းလွန်းလို့လည်း သေလောက်တရ်ဆိုတာ
ယုံချင်သလိုလိုဖြစ်နေမိပြီ...
သူဆိုညည်းခဲ့တဲ့ အိပ်မက်တွေမှာ
ငါဟာ လသာတက်ခဲ့ပြီလေ...
သက်တန့်ပေါ်မှာ လမ်းလျှောက်လို့ပေါ့....။ ။
- ဆုပ်ကိုင်ထားတဲ့မာနက
င့ါရဲ့နတ်သမီးအတွက်ပါပဲ
ဘကုန်းနဲ့စပြီး ၀လုံးနဲ့ဆုံးတဲ့ “ဘ၀”ဆိုတာ
ဘာမို့လို့လဲ.....။ ။
- ရိုမီယိုနဲ့ ဂျူးလိယက်ကိုလည်း
နားလည်တက်ခဲ့ပါပြီ...
င့ါရဲ့သင်္ဘောကျမှ မှောက်ခဲ့ရင်
မေခလာကို အပြစ်တင်ရတော့မယ်နော်...။ ။
- နားလည်မှုတွေအပြည့်နဲ့
ရွှေရောင်အိပ်မက်တွေကိုမက်ကြမယ်လေ
နတ်သမီးရေ..............
ငါ့ဘ၀အတွက်
မရှိလို့မဖြစ်တော့တဲ့ ဆုလဒ်တစ်ပါးအနေနဲ့
ရင်ခွင်ထဲကို ၀င်လာခဲ့ပါလို့...........။ ။
ချစ်ခဲ့မိခြင်း....
Friday, August 15, 2008
Tuesday, July 22, 2008
Monday, July 14, 2008
မမ ပြောခဲ့တဲ့စကားလေးလေ
Love= ?
အချစ်ဆိုတာ ဟင်းလိုပဲတဲ့.....ကြာလာရင် ရိုးအီသွားတက်တရ်.......မေတ္တာဆိုတာကတော့ ထမင်းလိုပဲတဲ့.....နေ့တိုင်းကို လိုအပ်နေတဲ့အရာပေါ့.....ကျွန်တော်သိပ် ချစ်ရတဲ့“ မ” ရဲ့ ဒဿနလေးပါ....ကျွန်တော့် အတွက်ကတော့ “ မ ” ကိုချစ်တာဟာ... ထမင်းကို ဟင်းမပါပဲ မစားတက်သလိုပါပဲ....
“ မ ” ကရောဟင်....
Tuesday, July 1, 2008
မိုး
မမ မှတ်မိရဲ့လားဟင်

Friday, June 27, 2008
မရဲ့နားမှာအမြဲနေချင်တယ်
.....တမ်းချင်း.......
လွမ်းလွန်းလို့ ရေးမိတာပါ........
ကဗျာမဆန်ခဲ့တဲ့ အနမ်းတွေအောက်မှာ.. ကျွန်တော့်ဘ၀ပျော်တက်ခဲ့တာလေ...
မိုးတွေသည်းတိုင်း သတိရမိတာကို အပြစ်မတင်ပါနဲ့နော်..........
သတိရလွန်းလို့ “ မ ” ပေးထားတဲ့ passport ပုံလေးကို ထုတ်ကြည့်မိရင်လဲအပြစ်မယူပါနဲ့နော်.......
“ မ ” နဲ့ နီးမဲ့ရက်ကိုစောင့်ရင်း ကျွန်တော် အနာဂတ်ကို အိပ်မက်တက်ခဲ့ပြီလေ...
“ မ ” ထာဝရ ပျော်ရွှင်ပါစေ...
“ မ ” ကျွန်တော့်အတွက် အမြဲရှိနေပါစေ.......