တကယ်လို့များ တနေ့နေ့မှာ မင်း ငိုကြွေးချင်နေခဲ့ရင်... ကို့ကို ခေါ်လိုက်ပါ...မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့ ကို ကတိမပေးပါဘူး....မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်...
တကယ်လို့များ တနေ့နေ့မှာ မင်း အဝေးဆုံးကို ပြေးထွက်သွားချင်နေခဲ့ရင်...ကို့ကို ခေါ်ဖို့ မစိုးရိမ်နေပါနဲ့...မင်းကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့ ကို ကတိမပေးပါဘူး....မင်းနဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်...
တကယ်လို့များ တနေ့နေ့မှာ မင်း ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်...ကို့ကို ခေါ်လိုက်ပါ...မင်းအတွက် ကို ရှိနေပါမယ်လို့ ကတိပေးတယ်....ပြီးတော့ တကယ်ကို တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း ကတိပေးပါတယ်...
ဒါပေမဲ့.. တကယ်လို့များ တနေ့နေ့မှာ မင်း ကို့ ကို လှမ်းခေါ်တဲ့အခါ...ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့...ကို့ကို အမြန်ဆုံးလာတွေ့ပါ...ကို မင်းကို လိုအပ်နေတာပဲ ဖြစ်မယ်...Sleeping in Struggle... Smiling in Tears...

No comments:
Post a Comment